Myanmar Payment Union (MPU)ကို ၂၀၁၁ ခုနစ် ၊ စက်တင်ဘာလ (၁၅) ရက်နေ့တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ လမ်းညွှန်မှုဖြင့် စတင်ဖွဲ့စည်းခဲ့ပါသည်။

စတင်ဖွဲ့စည်းစဉ်က နိုင်ငံပိုင်ဘဏ်နှင့် ပုဂ္ဂလိက ပိုင်ဘဏ်(၁၆)ဘဏ်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါအဖွဲ့၀င်ဘဏ် ပေါင်း (၂၃) ဘဏ် ရှိခဲ့ပြီးဖြစ်ပါသည်။

MPU ကိုဖွဲ့စည်းရခြင်း၏အဓိကရည်ရွယ်ချက်မှာ -

-    မြန်မာနိုင်ငံလုံးဆိုင်ရာ National Payment Switch (NPS) အဖြစ်ဆောင်ရွက်ရန်
-    ပြည်တွင်း၌ ငွေသားကိုင်ဆောင်ပေးချေမှုကိုလျှော့ချရန်
-    လက်ရှိငွေပေးချေမှုစနစ်ကို အဆင့်မြှင့်တင်ရန်
-    အဖွဲ့၀င်ဘဏ်အချင်းချင်း ဘဏ်၀န်ဆောင်မှုများ ပိုမိုပူးပေါင်းဆောင်ရွက်လာနိုင်ရန်
-    နိုင်ငံတကာကတ်များ ပြည်တွင်းတွင်အသုံးပြုနိုင်ရန် နှင့်
-    ပြည်တွင်းဘဏ်များမှ ထုတ်ဝေသည့် MPU Co Brand Card များဖြင့် မြန်မာနိုင်ငံသားများ နိုင်ငံတကာတွင် အသုံးပြုနိုင်ရန် စသည်တို့ ဖြစ်ပါသည်။

MPU ၏အထက်ပါ ရည်ရွယ်ချက်များအတိုင်း ပထမအဆင့်အနေဖြင့် ၂၀၁၂ ခုနှစ် စက်တင်ဘာလ(၁၄) ရက်နေ့မှစ၍ MPU အဖွဲ့၀င် ဘဏ်များမှ ထုတ်ဝေသော MPU Card များဖြင့် မြန်မာနိုင်ငံတဝှမ်းရှိ MPU အဖွဲ့၀င်ဘဏ်များ၏ ATM များတွင် ငွေသားများ ထုတ်ယူခြင်း ၀န်ဆောင်မှုများကို စတင်ခဲ့ပါသည်။

၄င်းအပြင်အဖွဲ့၀င်ဘဏ်များနှင့် POS စက်များတပ်ဆင်ထားသောဆိုင်များတွင် ငွေသားကိုင်ဆောင် ပေးချေရန် မလိုပဲ MPU Card များဖြင့် အလွယ်တကူအဆင်ပြေစွာပေးချေနိုင်ပြီဖြစ်ပါသည်။

ယခုအခါမြန်မာနိုင်ငံတစ်ဝှမ်းတွင် အဖွဲ့၀င်ဘဏ်များ၏ ATM (၁၄၉၀) ကျော်နှင့် POS အလုံးရေ(၃၀၀၀)ခန့်ရှိနေပြီဖြစ်ပါသည်။

International Card များဖြစ်သော CUP(UPI) Card များကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလမှ စတင်၍လည်းကောင်း ၊ JCB Card များကို ၂၀၁၃ ခုနစ် ၊ ဒီဇင်လာလမှစတင်၍ အဖွဲ့၀င်ဘဏ်များ၏ ATM များနှင့် POS များတွင် အသုံးပြုနိုင်ခဲ့ပြီဖြစ်ပါသည်။

MPU ၏ e-commerce လုပ်ငန်းများကို ၂၀၁၅ ခုနစ် ၊ ဖေဖော်ဝါရီလတွင် စတင်မိတ်ဆက် နိုင်ခဲ့ပြီဖြစ်ပါသည်။ ပြည်တွင်းအခွန်ဦးစီးဌာနမှ အခွန်ငွေများကို MPU e-commerce မှတဆင့် MPU Card များအသုံးပြုပြီး ပေးချေနိုင်ပြီဖြစ်ပါသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့် MPU အဖွဲ့၀င်ဘဏ်များမှ MPU Credit Card ၀န်ဆောင်မှုကို ပြည်သူများသို့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

ထို့ပြင် မြန်မာနိုင်ငံသားများ ပြည်ပသို့ထွက်ခွာပါက MPU-CUP(UPI) နှင့် MPU-JCB  Co-brand Card များဖြင့် အသုံးပြုနိုင်ရေးအတွက် အဖွဲ့၀င်ဘဏ်များမှ ဆောင်ရွက်လျက်ရှိပါသည်။

 

 

 

 

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့် MPU အဖွဲ့၀င် ဘဏ်များမှ MPU Credit Card ၀န်ဆောင်မှုကို ပြည်သူများသို့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

ပြည်တွင်း အခွန်ဦးစီး ဌာနမှ အခွန် ငွေများကို MPU e-commerce မှတဆင့် MPU Card များအသုံးပြုပြီး ပေးချေနိုင် ပြီဖြစ်ပါသည်။