MPU Logo ရှိသော MPU အဖွဲ့၀င်ဘဏ်များနှင့် ချိတ်ဆက်ထားသော Merchant များ(ဆိုင်များ) တွင် MPU အဖွဲ့၀င်ဘဏ် များမှထုတ်သော MPU Card များဖြင့်၄င်း၊ JCB, UPI ကဲ့သို့သော နိုင်ငံတကာကတ်များ ဖြင့်၄င်း ငွေပေးချေမှုများ ပြုလုပ်နိုင်ပါသည်။ Merchant များတွင် ငွေပေးချေရာ၌ MPU Card များဖြင့်ဆိုပါက မြန်မာကျပ်နှင့် ပေးချေနိုင်ပြီး JCB, UPI ကတ်များဖြင့် ဆိုပါက USD နှင့် မြန်မာကျပ် (၂)မျိုးကို ကတ်ကိုင်ဆောင်သူမှ နှစ်သက်ရာဖြင့် ပေးချေနိုင်ပါသည်။

သုံးစွဲနိုင်သည့် ပမာဏမှာ MPU ကတ်ကိုင် ဆောင်သူများအနေဖြင့် POS ထားရှိသည့် နေရာများတွင် ၁ရက်လျှင် အနည်းဆုံးကျပ် တစ်ထောင်မှ အများဆုံး ကျပ်သိန်းငါးဆယ်အထိ အသုံးပြုနိုင်ပါသည်။

POS စက်ကို လက်ခံသုံးစွဲလိုသော Merchant များအနေဖြင့် အဖွဲ့၀င်ဘဏ်များမှ တဆင့် Membership Form များရယူပြီး ဆောင်ရွက်နိုင်ပါသည်။ Merchant များအနေဖြင့် အဖွဲ့၀င်ဘဏ်များတွင် ငွေပေးချေမှု များဆောင်ရွက်ရန် Account ဖွင့်ထားရန် လိုအပ်ပါသည်။ Merchant များတွင် POS စက်များ အသုံးပြုရန် တယ်လီဖုန်းလိုင်း (သို့) အင်တာနက်လိုင်း ရှိရန် လိုအပ်ပါသည်။ မကြာမှီ SIM Card များအသုံးပြုနိုင်သော POS စက်များကို အသုံးပြုနိုင်တော့မည်ဖြစ်ပါသည်။

 

 

 

 

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ခွင့်ပြုချက်ဖြင့် MPU အဖွဲ့၀င် ဘဏ်များမှ MPU Credit Card ၀န်ဆောင်မှုကို ပြည်သူများသို့ ၀န်ဆောင်မှု ပေးလျက်ရှိပါသည်။

ပြည်တွင်း အခွန်ဦးစီး ဌာနမှ အခွန် ငွေများကို MPU e-commerce မှတဆင့် MPU Card များအသုံးပြုပြီး ပေးချေနိုင် ပြီဖြစ်ပါသည်။