Frequently Asked Questions

မှတ်ပုံတင်ကတ်ရှိရုံဖြင့် ဘဏ်တစ်ခုခုသို့ သွားရောက်၍ ဘဏ်စာရင်းဖွင့်လှစ်ပြီး MPU ကတ် ရယူလိုကြောင်းပြောကြားပြီး အလွယ်တကူလျှောက်ထားနိုင်ပါသည်။

ဘဏ်ပေါ်မူတည်ပြီး အနည်းဆုံးထည့်ရမယ့် ပမာဏကတော့ ကွာခြားနိုင်ပါသည်။ဘဏ်၏သတ်မှတ်ချက် အနိမ့်ဆုံး ထည့်ရမည့်ငွေပမာဏထက်ပိုပြီး မိမိစိတ်ကြိုက်ပမာဏအတိုင်း ထည့်နိုင်ပါသည်။

MPU card လျှောက်လိုပါက ကတ်လျှောက်ထားနိုင်သော ဘဏ်များထဲမှ မိမိနှစ်သက်ရာ ဘဏ်၏ နီးစပ်ရာ ဘဏ်ခွဲတွင် ကတ်လျှောက်ထားလိုသူ၏ မှတ်ပုံတင်မူရင်းဖြင့် ကိုယ်တိုင်သွားရောက်လျှောက်နိုင်ပါတယ်၊ ကတ်လျှောက်ရာတွင် လျှောက်ထားသော ဘဏ်ပေါ်မူတည်၍ ထားရှိရမည့် deposit ငွေပမာဏများ ကွဲပြားနိုင်ပါတယ်။

သက်ဆိုင်ရာကတ်ထုတ်ပေးထားသောဘဏ်၏ Hotline သို့ဖြစ်စေ၊ဘဏ်ခွဲများသို့ဖြစ်စေ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။

မိမိ၏ ကတ်ထုတ်ပေးထားသော ဘဏ်သို့ဆက်သွယ်ပြီး ATM စက်၏ တည်နေရာ၊ ATM စက်၏ ဘဏ်အမည် နှင့်လိုအပ်သောအချက်အလက်များ ပြောကြားပေးရပါမည်။

MPU ecommerce မှတ်ပုံတင်ခြင်းကို Online မှ www.myanmarpaymentunion.com သို့ ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ E-commerce အသုံးပြုနိုင်သောဘဏ်(၁၉)ဘဏ်မှာ (AGD, MWD, AYA, CB, uab, KBZ, MEB, MOB, SMEBD, MCB, MFTB, YOMA, YCB, CHIDB, Shwe, FDB, MTB, NDB နှင့် MICB) ဘဏ်များ ဖြစ်ပါတယ်။ ကတ်ထုတ်ပေးစဉ်ကပင် E-commerce အသုံးပြုလိုကြောင်း လျှောက်ထားပါကပို၍ လွယ်ကူမြန်ဆန်ပါသည်။

KBZ MPU ကတ်ကို KBZ Website မှတဆင့် E-commerce Registration ပြုလုပ်နိုင်ပါသည်။ ကတ်ပြုလုပ်စဉ်က အချက်အလက်များအတိုင်း ဖြည့်သွင်းပါက E-commerce ချက်ချင်းအသုံးပြုလို့ရပါတယ်။ https://mpu-ecommerce.kbzbank.com/

AYA MPU ကတ်ကို AYA Website မှတဆင့် E-commerce Registration ပြုလုပ်နိုင်ပါသည်။ ကတ်ပြုလုပ်စဉ်က အချက်အလက်များအတိုင်း ဖြည့်သွင်းပါက E-commerce ချက်ချင်းအသုံးပြုလို့ရပါတယ်။ https://card.ayabank.com/

MPU Logo ပါသော ကတ်များဖြစ်ပါက ဖုန်းနံပါတ်ဖြင့် Ecommerce လျှောက်ထားနိုင်ပါသည်။

မိမိနှင့် အနီးဆုံးသက်ဆိုင်ရာ ဘဏ်ခွဲတွင် ဖုန်း (သို့မဟုတ်) ကာယကံရှင်ကိုယ်တိုင် အချက်အလက်များအား သွားရောက် ပြင်ဆင်ပေးမှသာလျှင် ဘဏ်မှ လူကြီးမင်း၏ ကတ်အား e-commerce အသုံးပြုနိုင်ရန်အတွက် Approved နိုင်မည် ဖြစ်ပါသည်။

MAB bank သည် MPU Ecommerce ဝန်ဆောင်မှုမရသေးပါ၊ MPU အနေဖြင့် ဘဏ်အားလုံးချိတ်ဆက် ဆောင်ရွက်နိုင်စေရန် စီစဉ်ထားရှိပြီးဖြစ်ပါတယ်။ MAB bank ၏ ကတ်ဝန်ဆောင်မှုများနှင့် ပတ်သက်၍ အသေးစိတ် သိလိုပါက MAB ဘဏ်သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းခြင်းဖြင့် တိကျသော သတင်းအချက်အလက် များကို ရယူနိုင်မှာဖြစ်ပါတယ်။

Ecommerce လျှောက်ခြင်းအတွက် မည်သည့်နှစ်စဉ်ကြေးမှ ပေးသွင်းရန်မလိုပါ။

Ecommerce ဝန်ဆောင်မှုရယူနိုင်သော ဘဏ်(၂၁)ဘဏ် (AGD, MWD, AYA, CB, uab bank, KBZ Bank, MEB, MOB, SMEDB, MCB, MFTB, YOMA, YCB, CHIDB, Shwe, MTB, NDB, A Bank, MICB , MAB နှင့် FDB) ထဲမှ မိမိ အသုံးပြုလိုသောဘဏ်နှင့် ချိတ်ဆက်ပြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဘဏ်၏လမ်းညွှန်ချက်နဲ့ အညီ ဆောင်ရွက်နိုင်ပါတယ်။

ကတ်ထုတ်ပေးထားသောဘဏ်(သို့မဟုတ်)Myanmar Payment Union ၏ messenger မှစုံစမ်း မေးမြန်းဆောင်ရွက်နိုင်ပါသည်။

Bank account နံပါတ်ရိုက်ထည့်၍ ဖြစ်ပေါ်လာပါသဖြင့် MPU card ရှေ့တွင်ပါသော နံပါတ် ၁၆ လုံးကိုသာရိုက်ထည့်ပေးရပါမည်။

အသုံးပြုထားသော Ecommerce Transaction Success ဖြစ်ပြီးပါက Continue Button ကို ထပ်မနှိပ်ဘဲ Transaction အသစ်ပြုလုပ်ရန်အတွက် Home Page သို့ ပြန်လည်သွားရောက်ရမည်ဖြစ်ပါသည်။

MPU ၏ အဖွဲ့ဝင်ဘဏ်များအတွင်း မတူညီသော ဘဏ်များသို့ ATM စက်ကို အသုံးပြု၍ ငွေလွှဲနိုင်သော ဝန်ဆောင်မှုဖြစ်ပါသည်။လက်ရှိတွင် SHWE, YOMA, uab, RDB, MWD, CHID Bank, MFTB, MCB, YCB နှင့် CB များတွင် IBFT ဝန်ဆောင်မှုအသုံးပြုနိုင်ပြီဖြစ်ပါသည်။

မည်သည့် ATM တွင်မဆို MPU အဖွဲ့၀င်ဘဏ်များမှ ထုတ်သော MPU Card များဖြင့်လည်းကောင်း၊ JCB, UPI ကဲ့သို့သော နိုင်ငံတကာကတ်များဖြင့်လည်းကောင်း ငွေသားထုတ်ယူနိုင်ပါသည်။ သုံးစွဲနိုင်သည့်ပမာဏမှာ MPUကတ်ကိုင်ဆောင်သူများအနေဖြင့် ATM တွင် တစ်ကြိမ်လျှင် ၅ သိန်းဖြင့် (၁)ပတ်လျှင် အများဆုံး ကျပ်သိန်းနှစ်ဆယ်အထိ ထုတ်ယူနိုင်ပါသည်။ ATM ကတ် သုံးစွဲလိုသူများမှာ နှစ်သက်ရာ ကတ်ထုတ်ပေးသော အဖွဲ့၀င်ဘဏ်များတွင် လျှောက်ထားနိုင်ပါသည်။

MPU အဖွဲ့ဝင်ဘဏ်ခွဲအချင်းချင်း၏ ATM စက်တွင်ငွေသား ထုတ်ယူသည့် (Off-Us) အတွက် Interchange fee ကို ၀.၅%ကောက်ခံနေရာမှ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ပြီး ၁% သို့ ပြောင်းလဲကောက်ခံသွားမည်ဖြစ်ပါသည်။

POS ထားရှိသည့် နေရာများတွင် ၁ရက်လျှင် ကျပ်သိန်းငါးဆယ်အထိ အသုံးပြုနိုင်ပါသည်။

MPU Debit card နှင့် Credit Card များဖြင့် E-commerce service အသုံးပြုပြီး ငွေပေးချေပါက တစ်နေ့အများဆုံး ကျပ်သိန်း(၅၀)ထိ ပေးချေလို့ရပါတယ်။ Corporate Debit Card များဖြင့် Tax Payment ပေးဆောင်ပါက တစ်နေ့လျှင် အများဆုံး 5 Billion ထိ ပေးချေလို့ရပါတယ်။

ငွေလွှဲမည်ဆိုပါက ဝန်ဆောင်ခအနေဖြင့် ငွေလွှဲခပုံသေနှုန်းထား ၂၀၀ ကျပ်နှင့် ငွေလွှဲမည့်ပမာဏ၏ ၀.၀၁% ကျသင့်မည် ဖြစ်ပါသည်။