MPU ရဲ့ Ecommerce
မီးရထားလက်မှတ်တွေကို Online ကနေ ဝယ်ယူကြမယ်
မီးရထားလက်မှတ်တွေကို ဘူတာရုံအထိ ကိုယ်တိုင်သွားဝယ်စရာမလိုဘဲ Online ကနေ လွယ်လွယ်ကူကူ ဝယ်ယူလို့ရနေပါပြီနော်။ ဝယ်ယူမှုအတွက် ငွေပေးချေတဲ့ အခါ MPU ရဲ့ E-Commerce Service ကို အသုံးပြုနိုင်တာကြောင့် အရမ်းကို အဆင်ပြေစေမှာပဲဖြစ်ပါတယ်။
လက်မှတ်ဝယ်ယူရာတွင် ခရီးစဉ်အစမှအဆုံးအထိ သွားရောက်မည့်သူများအတွက် (၇) ရက်ကြိုတင် ဝယ်ယူနိုင်ပြီး၊ ကြားဘူတာများအတွက်ဆိုလျှင် (၃) ရက်ကြိုတင် ဝယ်ယူနိုင်မှာပါနော်။
အွန်လိုင်းမှ ဝယ်ယူပြီးရရှိလာသော e-receipt ကိုတော့ ခရီးစဉ်မစတင်မီ အနည်းဆုံး (၁) နာရီကြိုတင်၍ သက်ဆိုင်ရာဘူတာရုံကောင်တာများတွင် လက်မှတ်အဖြစ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်ပါတယ်။