MPU E-commerce Card Enrollment

MPU E-commerce ဘယ်လိုလျှောက်ရမလဲ?

...
MPU E-commerce လျှောက်ရာတွင် MPU card user အနေဖြင့်လျှောက်ထားခြင်းနဲ့ MPU E-commerce Merchant အနေဖြင့်လျှောက်ခြင်းဟူ၍ ၂ မျိုးရှိပါတယ်…
“ MPU card user အနေနဲ့ online ကနေ E-commerce လျှောက်ဖို့ အဆင့်လေး ၃ ဆင့်ပဲလိုပါတယ်….”
(၁) မိမိအသုံးပြုနေကျ ဖုန်း(သို့) ကွန်ပျူတာ web browser ကနေ www.myanmarpaymentunion.com ဆိုတဲ့ link လေးကိုဝင်ပါ။
(၂) Our Service ထဲက E-commerce အောက်မှာရှိတဲ့ E-commerce Online Card Enrollment လေးကို နှိပ်ပါ။ (OR) အဆင့်ဆင့်ဝင်ဖို့အဆင်မပြေသူများအနေဖြင့် အောက်ဖော်ပြပါ link ကနေလည်း တိုက်ရိုက်ဝင်လို့ ရပါတယ်နော်…
https://www.mpu-ecommerce.com/Payment/OnlineEnrollment/Check
(၃) MPU Card Enrollment window လေးကျလာတဲဲ့အခါ Card Number နေရာတွင် မိမိ MPUကတ်ပေါ်က ဂဏန်း ၁၆ လုံးကိုရိုက်ထည့်ပြီး Check and Continue ကိုနှိပ်ပါ။ 👍 Congratulations….. နဲ့ အစချီထားတဲ့ စာတန်း အစိမ်းလေးပေါ်လာတယ်ဆိုရင်တော့ လူကြီးမင်းတို့ရဲ့ online shopping အတွက် MPU E-commerce ဖြင့် လွယ်ကူစွာပေးချေနိုင်ပြီဖြစ်ပါတယ်။ 📋 စာတန်းအစိမ်းလေးအစား ဖောင်လေးတစ်ခုကျလာရင်တော့ လိုအပ်တဲ့ ဖြည့်စွက်ပေးရမယ့် အချက်အလက်လေး တွေကိုဖြည့်ပြီး MPU E-commerce ကို online ကနေအလွယ်တကူလျှောက် လို့ရပြီပေါ့။
💡Online Registration Form မဖြည့်ခင် သတိပြုရမယ့်အချက်လေးတွေတော့ မျှဝေပေးလိုက်ပါတယ်နော်…
📌 Online Form တွင်ဖြည့်ရမယ့် phone ၊ email အစရှိတဲ့အချက်အလက်များသည် ဘဏ်တွင် card ပြုလုပ် စဉ်က ပေးခဲ့သောအချက်အလက်များနဲ့ ထပ်တူညီရမှာ ဖြစ်ပါတယ်။
📌 Card လုပ်စဉ်က email မပေးခဲ့မိခြင်း၊ ဖုန်းနံပါတ် အချက်အလက်တစ်ခုခု အပြောင်းအလဲ ရှိခဲ့ရင်တော့ သက်ဆိုင်ရာ ကတ်ထုတ်ပေးတဲ့ဘဏ်ကို online form မတင်ခင် ကြိုတင်အကြောင်းကြားပေးရမှာဖြစ်ပါတယ်။
📌 ကတ်လျှောက်စဉ်ပေးခဲ့တဲ့အချက်အလက်နဲ့ E-commerce registration form မှာ ဖြည့်တဲ့အချက်အလက် တွေ ထပ်တူဖြစ်မှသာ သက်ဆိုင်ရာကတ်ထုတ်ပေးထားတဲ့ဘဏ်မှ သတ်မှတ်ထားသော ဘဏ်ဖွင့်ရက်များအတိုင်း လူကြီးမင်းတို့ရဲ့ registration ကို approved လုပ်ပေးမှာဖြစ်ပါတယ်။ ဘဏ်မှ အချက်အလက်အတည်ပြုရန် ဖုန်းနှင့် သော်လည်းကောင်း၊ email ဖြင့်လည်း ဆက်သွယ်လာခဲ့လျှင်လည်း ဘဏ် ၏လမ်းညွှန်မှုများအတိုင်း ဆောင်ရွက် ပေးရုံပဲဖြစ်ပါတယ်။ ကတ်ပိုင်ရှင်များရဲ့ အချက်အလက်များကို security အရ သက်ဆိုင်ရာဘဏ်များ ၌သာ ထိန်းသိမ်းထားသည့်အတွက် ဘဏ်က approved လုပ်ပေးမှသာလျှင် E-commerce service ကိုစတင် အသုံးပြုနိုင်မှာဖြစ်ပြီး အသုံးပြု၍ရပြီဖြစ်ကြောင်းကိုလည်း ဘဏ်မှ Phone/Email ဖြင့် တိုက်ရိုက်အကြောင်းကြား ပေးမှာဖြစ်ပါတယ်…။
...
...
👩‍💻 MPU E-commerce Merchant အနေနဲ့ လျှောက်ချင်တယ်ဆိုရင်တော့ …
MPU E-commerce service ရယူနိုင်တဲ့ ဘဏ် ၂၂ ဘဏ်ရှိပါတယ်၊ ထိုဘဏ်များထဲမှ မိမိနှစ်သက်ရာ ဘဏ်တစ်ခုနဲ့ ချိတ်ဆက်ပြီး သက်ဆိုင်ရာဘဏ်၏ သတ်မှတ်လုပ်ငန်းစဉ်များအတိုင်း ထိုဘဏ်မှတဆင့် MPU နဲ့ဆက်သွယ်ကာ လိုအပ်တဲ့အဆင့်ဆင့်ကိုဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
MPU E-Commerce လျှောက်ထားနိုင်သော ဘဏ် (၂၂) ဘဏ်ရှိပါသည်။ ၄င်းတို့မှာ MEB, MFTB, MICB, MCB, MWD, GTB, MOB, KBZ Bank, CB Bank, AGD, AYA, MAB, SMEDB, uab, CHDB Bank, YCB, Shwe Bank, YOMA, NDB Bank, Abank, FDB, MTB Bank စသည်တို့ဖြစ်ပါသည်။
ဖော်ပြပါဘဏ်(၂၂)ဘဏ်အနက်မှ KBZ bank နှင့် AYA Bank ကတ်ပိုင်ရှင်များအနေနဲ့ ဘဏ်မှ တိုက်ရိုက်ချပေးလာသော Link မှတဆင့် Registration Form ကို ဝင်ရောက်ဖြည့်ပေးရမည်ဖြစ်ပါသည်။